မှုခင်းသတင်းများ

သူနာပြုဝတ်စုံဖြင့် ညစ်ညမ်းဗီဒီယိုရိုက်ကူးမှုကို အရေးယူပေးရန် သူနာပြုေ ကာင်စီက ကျန်းမာရေးဝန်ကြီးဌာနထံ တိုင်ကြားပြီ --

သူနာပြုဝတ်စုံဖြင့် ညစ်ညမ်းဗီဒီယိုရိုက်ကူးမှုကို အရေးယူပေးရန် သူနာပြုေ ကာင်စီက ကျန်းမာရေးဝန်ကြီးဌာနထံ တိုင်ကြားပြီ --
##########################

လူမှုကွန်ယက်ပေါ်တွင် ပျံနှံ့လျက်ရှိသည် မြန်မာ ညစ်ညမ်း ဗီဒီယိုသည် သူနာပြုလောက၏ ဂုဏ်သိက္ခာကို ထိ ခိုက်စေသည့်အတွက် စုံစမ်းဖော် ထုတ်အရေးယူပေးရန် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနသို့  တင်ပြ တိုင်ကြားထားကြောင်း သိရသည်။

“ အခု လောလောဆယ်တော့ ဆရာတို့ဆီကို စာရောက်လာပါပြီ။ ဆရာတို့ ဘက်က ဘာမှ မလုပ်သေးပါဘူး။ ဆ ရာတို့ ၀န်ကြီးလည်း အခုမရှိသေးဘူး ” ဟု အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက် တာ မြင့်ဟန်က ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ တရားဥပဒေကြောင်းအရ အရေးယူနိုင်ရေး ယခုရက်ပိုင်းအတွင်း တိကျသည့် ဆုံးဖြတ်ချက်ချမှတ်သွားမည်ြ ဖစ် ကြောင်းလည်း ၎င်းကဆိုသည်။

အဆိုပါ ညစ်ညမ်းဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသည့် အမျိုးသမီး သည် သူနာပြုဝတ်စုံဖြင့် ရိုက်ကူးခဲ့ ခြင်းမှာ သူနာပြု လောကသားများ၏ ဂုဏ်သိက္ခာ ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေသည့်အတွက် စစ် ဆေးအရေးယူပေးရန် ယခုကဲ့သို့ တင်ပြတိုင်ကြားရခြင်းဖြစ်ကြောင်း လည်း သိရသည်။

အဆိုပါ ညစ်ညမ်း ဗီဒီယိုကို Art of Myanmar Production ဟု အမည်ေ ပး ထားသည့် ဖေ့စ်ဘွတ်ခ်စာ မျက်နှာ က ဧပြီလ ၂၄ ရက် စတင် ဖြန့်ချြိ ခင်းဖြစ်ပြီး ဝေဖန်မှုများထွက်ပေါ်နေခြင်း ဖြစ်သည်။

အဆိုပါ ဗွီဒီယို သည် စုစုပေါင်းကြာမြင့်ချိန် ၂ နာရီ ၁၀ မိနစ်ရှိပြီး အပြည့် အစုံကို မြန်မာကျပ်ငွေ တစ်သောင်းဖြင့် ဘဏ်အကောင့် တစ်ခုသို့ ငွေလွှဲဝ ယ်ယူရမည်ဖြစ်ကြောင်း Art Of Myanmar Production က ရေးသားထား သည်။

ယင်း ညစ်ညမ်းရုပ်ရှင်ဇာတ်ကား ထုတ်လုပ်ဖြန့်ဖြူးသူများကို ဥပဒေကြောင်း အရ ဖမ်းစီးအရေးယူသွား မည်ဖြစ် ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောေ ရးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြည်တွင်း သတင်းစာ တစ်စောင်ကို ပြော ကြားထားသည်။
သီဟ - AKonThi

About Sexy

0 comments:

Post a Comment

Powered by Blogger.